ကြွေ၇ာက်လာကြသော မိတ်ဆွေ သူငယ်ချင်းအပေါင်းကို ၇ဲလေးက မင်္ဂလာပါလို့ ဦးစွာ နှုတ်ဆတ်ပါတယ်။ ၇ဲလေးကတော့ ပညာ၇ှင်တယောက်တော့မဟုတ်ပါဘူး။ေ၇ှ့က ဆ၇ာ အကိုတွေ၇ဲ့ နည်းလမ်းလေးတွေကို နည်းနာပြီး ဒီ blog လေးကို လုပ်ထားခြင်းဖြစ်ပါတယ် ။အားလုံးကို ကျေးဇူးတင်ပါတယ်
Thursday, October 7, 2010
ကျွန်တော့၇ဲ့ ကျွေးဖေဖေ
ကျွန်တော့မှာ မိသားစုလေးယောက်၇ှိပါတယ်.။အဖေ၇ယ် အမေ၇ယ် ညီမလေး၇ယ် ကျွန်တော်၇ယ်ပေါ့.။အဖေကတော့ စစ်မှုထမ်းပါ.။အမေကတော့ ကျွန်တော်ငယ်ငယ်တုန်းက စက်ချုပ်တယ်.။ကြီးလာတော့ ၇ာသီစာေ၇ာင်းတယ်.။ညီမလေးကတော့ ငယ်ငယ်လေးနဲ့အိမ်ထောင်ကျ သွားတယ်လေ.။
ကျွန်တော်တို့မိသားစုလေးကဆင်း၇ဲပါတယ်.။ဒါပေမဲ့ပျော်စ၇ာအ၇မ်းကောင်းတယ်.။ကျွန်တော်တို့ ဘယ်လောက်ဆင်း၇ဲခဲ့သလဲဆို၇င် စားစ၇ာမ၇ှိလို့ေ၇သာက်ဗိုက်မျောက်ခဲ့၇တဲ့၇က်တွေ ၇ှိခဲ့ပါတယ်.။စားစ၇ာမ၇ှိလို့ အဖေက သဲထမ်းသွားမယ်ဆိုပြီးကျွန်တော့ကို ခေါ်သွားတယ်.။အဲဒီအချိန်က ကျွန်တော် (၇)တန်းထင်တယ်.။ကျွန်တော့်ကို အဖေက မထမ်းခိုင်းဘူး ဒါပေမဲ့ကျွန်တော် ဘယ်လိုလုပ်နေနိုင်မှာလဲ အဖေ့ကို ကူထမ်းပေးတာပေါ့.။အဖေ ကျွန်တော့်ကိုကြည့်ပြီး အမျက်၇ည်တွေ စို့တက်လာခဲ့တယ်လေ…အဲဒါကိုကျွန်တော်ကိုတိုင်မြင် ခဲ့၇ပါတယ်.။သဲ သုံးကျင်း (ဒိုင်နာကား နှစ်စီး) ကို သားအဖနှစ်ယောက်ညထဲကထမ်းလိုက်တာ မိုးလင်းခါနီးမှပြီးတယ်.။ကျွန်တော်လဲ ငယ်သေးတော့ ဘယ်လိုလုပ်ထမ်းနိုင်မှာလဲ .။ဒါပေမဲ့အဖေ့ ကိုကူညီချင်တာကြောင့် တတ်နိုင်သလောက် အဖေ တခေါက်၇၇င်ကျွန်တော်လဲ တစ်ခေါက်၇အောင်လိုက်ထမ်းတယ်.။အဲဒီလိုထမ်းပြီးအိမ်အပြန်ကျတော့အမေက အပြုံးနဲ့ ဆီးကြိုတယ်လေ.။သားအဖ နှစ်ယောက်လုံးကိုပေါ့..။အဖေကလဲ အမေ့၇ဲ့ အပြုံးကိုတွေ့တာနဲ့ ပင်ပန်းတဲ့ အ၇ိပ်အေ၇ာင်ကိုတောင် မပြဘူး.။ကျွန်တော်ဝမ်းနဲလိုက်တာဗျာ.။အဲဒီညကဆို ကျွန်တော် ဘယ်လိုမှအိပ်လို့ကို မ၇ဘူး.။ကျွန်တော့်၇ဲ့ ဂုတ်ပိုးမှာ သဲ၇ှထားတဲ့ ဒဏ်၇ာတွေကြောင့် တော်တော်ကိုနာနေခဲ့တယ်.။မျက်လုံးတွေလဲ ညကတညလုံး မအိပ်၇သေးတော့တော်တော်ကိုကျိန်းစပ်နေတာဘဲ.။အဖေ ကတော့ ဝန်ထမ်းဆိုတော့ အိပ်ေ၇းတောင်ဝအောင်မအိပ်၇ဘူးလေ.။အလုပ်ပြန်ဝင်၇၇ှာတာပေါ့.။အဖေက ကျွန်တော့်ကို တော်တော် အားကိုးတယ်.။ဘာလို့လဲဆိုတော့ အိမ်မှာကျွန်တော် တယောက်ဘဲယောက်ကျားလေး၇ှိတာကိုး.။ပညာတတ် တယောက်လဲဖြစ်စေချင်တယ်.။ဒါပေမဲ့အဖေလိုချင်တဲ့ ဆုမပြည့်ခဲ့ပါဘူး.။ကျွန်တော် ၁၀ တန်း တောင် မအောင်ခဲ့ဘူး.။ ကျွန်တော် အဲဒါကို မဖြည့်ဆည်းပေးနိုင်ခဲ့ဘူး.။အဖေက အ၇မ်းပျော်တတ်တယ်.။ပြီးတော့ အ၇မ်းလဲ၇ိုးတယ် .။အဲဒါကြောင့် ကျွန်တော်တို့မိသားစုလေးက ပျော်နေ၇တာပေါ့.။စိတ်ညစ်စ၇ာတွေ ကြုံလာ၇င်အဖေက ၇ီစ၇ာတစ်ခုခု ပြောတတ်တယ်လေ.။ သူ့၇ဲ့အ၇ွယ်မေ၇ာက်သေးတဲ့ သားနဲ့သမီး ကို အဲဒီ စိတ်ညစ်စ၇ာတွေကိုပေးမသိစေချင်ဘူး.။ကျွန်တော် အခုထိအမှတ်တ၇၇ှိနေတာတစ်ခု၇ှိတယ် .။အဲဒါဘာလဲ ဆို၇င်..အဖေက အမြဲတမ်း မာတင်အင်္ကျီ အဖြူကို ဝတ်တယ်.။သူအဲ ဒီ မာတင်အင်္ကျီ ကိုအ၇မ်း ကြိုက်တယ်လေ.။ပြီးတော့ အဖေက အမြဲတမ်းသူ့၇ဲ့ မာတင် အင်္ကျီနဲ့ ကချင်ပုဆိုးလေးကို အပြင်မသွားဘူး ဆို၇င် စနစ်တကျ လွှားထားတတ်တယ်.။သူ့၇ဲ့အင်္ကျီနဲ့ပုဆိုး ကိုဘယ်အချိန်နမ်းလိုက် နမ်းလိုက် အနံ့ အသတ်ကို မ၇ှိဘူး.။အခုအချိန်မှာတော့ ကျွန်တော်က အဖေ့၇ဲ့ ဆိုဆုံးမမှုတွေကြောင့် ထမင်းမငတ်တော့ပါဘူး.။လူ့လောကကြီးထဲမှာ နေတတ်နေပါပြီ.။အကောင်းအဆိုးလဲ ဝေခွဲတတ်နေပါပြီ.။ဘယ်နေ၇ာဘဲေ၇ာက်ေ၇ာက် (အလုပ်နဲ့ပါတ်သတ်၇င်) အခုချိန်ထိ နေ၇ာကောင်းတွေမှာဘဲလုပ်၇တတ်ပါတယ်.။ကျွန်တော် ပတ်ဝန်းကျင် ကို ပေါင်းသင်းတတ်အောင်လဲ အဖေက သင်ပေးခဲ့ပါတယ်.။ကျွန်တော် မြန်မာပြည်မှာဆို ဆဲဆိုခြင်းကို နှုတ်က တလုံးတလေတောင် မထွက်ဖူးဘူး.။ သူငယ်ချင်းတွေ နဲ့စကားပြောတာတောင် အဲလိုမျိုးတွေ မပြောမိဘူး.။အဲဒါကျွန်တော့်၇ဲ့ အဖေနဲ့ အမေက သွန်သင်ခဲ့ကြလို့လေ.။ဒါပေမဲ့ခုတော့ ကျွန်တော် အမိမြေမဟုတ်တဲ့ တခြားနိုင်ငံမှာ အဲဒီအပြောအဆိုတွေကို နှုတ်က ပြောဆိုတတ်နေပါပြီ.။သားကိုခွင့်လွှတ်ပါ အဖေ.။မိဘနဲ့ဝေးနေတဲ့ သား တံငါနားနီးတံငါ မုဆိုးနားနီး မုဆိုး ဆိုတဲ့အတိုင်း ပါတ်ဝန်းကျင်၇ဲ့ အလိုက်အထိုက် ပြောဆိုနေ၇တာပါ.။
Labels:
1
Subscribe to:
Post Comments (Atom)
No comments:
Post a Comment